University of Wisdom Land

Academic

STUDY AT PANNABHUMI

University of Wisdom Land

ပညာဘူမိတက္ကသိုလ်သည် ရည်ရွယ်ချက် (၃)ခု ချမှတ်ထားရှိပြီး ဌာနကြီး (၅)ခု ဖြင့် ဖွဲ့စည်းထားရှိသည်။ ပညာရေးနာယက အဖွဲ့ကြီးအားဖွဲ့စည်းထားရှိပြီး တက္ကသိုလ် အဓိပတိ ဉီးဆောင်သည့် ပါမောက္ခများ ပါဝင်သည်။

Learn More
မဟာဗျူဟာ အစီအမံ (Strategic Plan & Vision)
  • ပညာဘူမိတက္ကသိုလ်၏ အမည်ကို ပါဠိဘာသာဖြင့်ဖေါ်ပြပါက ပညာဘူမိဝိသိဋ္ဌမဟာဝိဇ္ဇာလယ ဟု လည်း ကောင်း အင်္ဂလိပ်ဘာသာဖြင့် University Of Wisdom Land ဟု ခေါ်တွင်သည်။
  • မြန်မာပြည်အနှံ့ ရှိနေကြသည့် ရဟန်းသံဃာများအနေဖြင့် တတ်မြောက်ထားရှိပြီးသည့် အဆင့်များမှ ရှေ့တိုး တတ်မြောက်လာစေရန်နှင့် လူပုဂ္ဂိုလ်တို့အတွက် မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည် သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်း လိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာ နှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသားများ ရရှိစေရန် ရည်သန်၍ လည်းကောင်း၊
  • တိမ်မြုပ်ပျောက်ကွယ်နေသော တိမ်မြုပ်ပျောက်လုနီးပါးဖြစ်နေသော မြန်မာနိုင်ငံဖြစ် ပါဠိကျမ်းစာများ မြန်မာနိုင်ငံ ရောက်ရှိပြီး ပါဠိကျမ်းစာများအား အသေးစိတ်လေ့လာသူများ၊ အရည်အသွေးမြင့် သုတေသန ပါရဂူများ၊ ပါဠိစာပေပါရဂူများ ပိုမိုများပြား တိုးတက်လာစေရေးတို့ကို ရည်သန်၍ လည်းကောင်း၊
  • မြတ်ဗုဒ္ဓ၏ တရားတော်များသည် Mind Centre Teaching ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ တရား ဒေသနာများကို မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများအားလုံး လွယ်ကူစွာ သင်ယူတတ်မြောက် ကြစေရန် နှင့် မြတ်စွာဘုရား ၏ မူရင်း တရားတော်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော မျက်မှောက် ခေတ် မြန်မာလူမျိုး များ အတွက် ဤတက္ကသိုလ် မှ မြတ်ဗုဒ္ဓ၏ တရားတော်များကို သင်ကြားပို့ချသွားရန် ရည်သန်၍ လည်းကောင်း
  • ဤ တက္ကသိုလ်မှနေ၍ ဘွဲ့များ ဆပ်ကပ်ခြင်း စာမေးပွဲများ ကျင်းပခြင်း များ ပြုလုပ်ရန် ရည်သန်၍ လည်းကောင်း ပညာဘူမိတက္ကသိုလ်၏ မဟာဗျူဟာအစီအမံအနေဖြင့် ဖော်ဆောင်သွားမည် ဖြစ်သည်။
ပညာဘူမိသင်ကြားရေး
STUDY AT PANNABHUMI

For Enquiries