Home
Admissions
Admission
Entrance
Result
Request Review
Academic
Research
Publications
Libraries
News & Events
About
Contact Us
University of Wisdom Land
About
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ သည် ပညာဘူမိ တက္ကသိုလ် တည်ထောင်သူ Founder ဖြစ်သည်။
ပညာဘူမိ တက္ကသိုလ် ဖြစ်ပေါ်လာပုံ (History)
ပညာဘူမိဆိုသည်မှာ ပညာရဲ့ ဖြစ်ပေါ်ရာနေရာ ပညာရဲ့ဖြစ်ပေါ်ရာဌာန ကို ပညာဘူမိ ဟုခေါ်တွင်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အသိပညာများ ဖြစ်ပေါ်ခဲ့သော နေရာသည် ဗောဓိပင် ညောင်ပင်အောက်တွင် တရားဓမ္မ ကျင့်ကြံပြီး ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်း ဖြစ်သည်။
ထိုဗောဓိပင်ကို အမှတ်အသားပြု၍ ဤနေရာမှာလည်းပဲ ဗုဒ္ဓမြတ်စွာဘုရားထံက ရရှိတဲ့ ဩဝါဒတွေကို အခြေခံ ပြီးတော့ ဓမ္မအသိပညာတွေရရှိဖို့ ဒီတက္ကသိုလ်နေရာက နေ အဓိက ဖြန့်ဖြူးမယ်လို့ ရည်ရွယ်ပြီးတော့ ပညာဘူမိဟု အမည်ပေးထားခြင်း ဖြစ်သည်။
မြတ်စွာဘုရားဟောကြားခဲ့သည့် ပိဋကတ် သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဟာ မြန်မာနိုင်ငံမှာ အထင်အရှားရှိနေရုံသာမက ဟောပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျမ်းပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ မြန်မာပြည် မှာ အများအပြားရှိနေသည်မှာ ထင်ရှားသည်။
ဘာသာစကားအနေဖြင့်လည်း ပါဠိဘာသာဆိုသည်မှာ မြင့်မြတ်တဲ့ဘာသာစကားများကို ခေါ်ဆိုခြင်းဖြစ်သည်။
မြတ်စွာဘုရား ဟောကြားသည့် တရားတော်များကို ပါဠိဟုခေါ်ဆိုခြင်းလည်း ဖြစ်သည်။ နောက်ပိုင်း ခေတ်ကာလများတွင် မြတ်စွာဘုရားဟောကြားသည့် ဘာသာကိုပင် ပါဠိဘာသာဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ ပါဠိဘာသာ (သို့) မြင့်မြတ်တဲ့စကားတော်တွေ မြန်မာနိုင်ငံမှာ ရှင်သန်နေအောင်၊ အမြဲတမ်းဖွံ့ဖြိုး တိုးတက်နေအောင်၊ လူတွေရဲ့ ရင်ထဲနှလုံးထဲမှာ ရောက်ရှိနေအောင်၊ တတ်နိုင်သမျှ ဤနေရာ ဤဌာန ကို အသုံးချဖို့ အဓိက ရည်မှန်းထားရှိသည်။ သို့ပါသောကြောင့် ဤနေရာကို ပညာဘူမိ ဖြစ်စေရန် ရည်မှန်းသည်။
တက္ကသိုလ်၏အမည်ကို မြန်မာဘာသာဖြင့် ပညာဘူမိတက္ကသိုလ် ၊ ပါဠိဘာသာဖြင့် ပညာဘူမိ ဝိသိဋ္ဌမဟာဝိဇ္ဇာလယ ၊ အင်္ဂလိပ်ဘာသာဖြင့် UNIVERSITY OF WISDOM LAND ဟု ခေါ်တွင်စေရမည်။
တက္ကသိုလ် ဖွဲ့စည်းပုံ
အနုဂ္ဂဟဌာန
သည် ပညာဘူမိတက္ကသိုလ်၏ ဘဏ္ဍာရေး စီမံခန့်ခွဲရေး ဆောက်လုပ်ရေး နှင့် ပြုပြင် ထိန်းသိမ်း ရေးတို့ကို ဆောင်ရွက်သည်။
စာကြည့်တိုက်ဌာန
သည် ရှေးဟောင်း ပေ၊ ပုရပိုက်များနှင့် စာအုပ်မှတ်တမ်း မှတ်ရာများ ရှာဖွေစုဆောင်းရေး ပြုပြင်ထိန်းသိမ်းရေး တို့ကို ဆောင်ရွက်သည်။
စာအုပ်ထုတ်ဝေရေးဌာန
သည် တက္ကသိုလ် လုပ်ငန်း ဆိုင်ရာ ပုံနှိပ်ဖြန့်ချီရေး ဆောင်ရွက်သည်။
ကျမ်းပြုဌာန
သည် စာအုပ်အဟောင်းများ တည်းဖြတ်ခြင်း ပေပုရပိုက်များ ကို ကူးယူ တည်းဖြတ်ခြင်း ပါဠိ ပိဋကတ် အထောက်အကူပြု ကျမ်းများကို ရေးသားပြုစုခြင်း တို့ကိုဆောင်ရွက်သည်။
ပညာရေးဌာန
သည် ပါဠိဘာသာ နှင့် ဘာသန္တရ သင်တန်းများ ဖွင့်လှစ် သင်ကြားရေး ဓမ္မသင်တန်းများ ဖွင့်လှစ်သင်ကြားရေး စာမေးပွဲများ ကျင်းပရေး အောင်လက်မှတ် နှင့် ဘွဲ့တံဆိပ် အပ်နှင်းရေး စာပေဆုများ ရွေးချယ် ဆုပေးရေး များကို ဆောင်ရွက်သည်။
University of Wisdom Land
University of Wisdom Land
University of Wisdom Land
University of Wisdom Land
University of Wisdom Land