သုတဓမ္မဒီပလိုမာ Level 1- batch 2 နှင့် Level 2 စာမေးပွဲနှင့်ပတ်သတ်ပြီး ဖြေဆိုသူများ၏ အဆင်မပြေမှုများ၊ သိရှိလိုသည်များကို ကူညီဖြေရှင်းပေးရပါသည်။
စာမေးပွဲခုံနံပါတ်မရရှိသည့်သူများ၊မရှာဖွေတတ်သည့်သူများကို ခုံနံပါတ်များရှာပေးခြင်း၊ စာမေးပွဲဖြေဆိုချိန်၊နေ့ရက်များနှင့်ပတ်သတ်ပြီး ဖုန်းဆက်မေးမြန်းမှုများကို ဖြေကြားပေးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
ဒါ့အပြင် UWL Dashboard တွင် ကျောင်းသားစာရင်းများစစ်ဆေးပေးခြင်း၊ လိုအပ်သည့်စာရွက်စာတမ်းများကို Print ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
သုတဓမ္မဒီပလိုမာ Level 1 စာအုပ် နဲ့ Level 2 စာအုပ်ဝယ်လိုသူများကို စာအုပ်များရောင်းချပေးခြင်း၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏ စာအုပ်များကို ရောင်းချပေးခြင်းများတွင်လည်း ပါဝင်အားဖြည့်ခဲ့သည်။
စာမေးပွဲဝင်ခွင့်ကတ်များထုတ်ပေးရာတွင်လည်း booking ယူခြင်း၊ နာမည်ခေါ်ပေးခြင်း၊ ကတ်ထုတ်ပေးခြင်းနှင့်စာရင်းသွင်းခြင်း၊ စာရွက်စာတမ်းကြေးကောက်ခံခြင်းများကို အသေးစိတ် ဝိုင်းဝန်းကူညီခဲ့ပါသည်။
Volunteers from GIM
16.5.2023