၁။ ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ စာမေးပွဲ level-3 အောင်မြင်သူများကို ဒီပလိုမာ အပ်နှင်းခြင်းအခမ်းအနားကို ပညာဘူမိတက္ကသိုလ်တွင် ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလ (၁၆/၁၇/၁၈) ရက်နေ့များ၌ ကျင်းပအပ်နှင်းမည်။
၂။ ဒီပလိုမာ အောင်လက်မှတ် ပေးအပ်မည့် ခန်းမဆောင်အတွင်းသို့ ဒီပလိုမာ လက်မှတ်ရယူမည့် သူသာ ဝင်ခွင့်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃။ Level အလိုက် စာမေးပွဲ (၃) ခုလုံးတွင် ဂုဏ်ထူးပါသူများအားလုံးနှင့်Level အလိုက် စာမေးပွဲများတွင် ဂုဏ်ထူး(၂)ခု ပါသူများ (ရန်ကုန်စာဖြေဌာန ၁ မှ ၉ အထိ) (၁၆-၂-၂ဝ၂၄) ရက်နေ့တွင် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းမည်။
၄။ Level အလိုက် စာမေးပွဲများတွင်ဂုဏ်ထူး (၂)ခု ပါသူများ (ရန်ကုန်စာဖြေဌာန ၁၀ နှင့် တိုင်းနှင့်ပြည်နယ်စာဖြေဌာနအားလုံး) နှင့် ဂုဏ်ထူး (၁)ခု ပါသူများ (ရန်ကုန်စာဖြေဌာန ၁ မှ ၁၀ အထိ) (၁၇-၂-၂ဝ၂၄) ရက်နေ့တွင် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းမည်။
၅။ level အလိုက် စာမေးပွဲများတွင် ဂုဏ်ထူး (၁)ခု ပါသူများ (တိုင်းနှင့်ပြည်နယ် စာဖြေဌာန အားလုံး)နှင့် ရိုးရိုး (အောင်) အောင်မြင် သူများ (၁၈-၀၂-၂ဝ၂၄) ရက်နေ့တွင် ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းမည်။
၆။ ဒီပလိုမာတက်ရောက် ယူနိုင်ရန် ကြိုတင် အမှတ်စဉ်နံပါတ်နှင့် ရက်စွဲကို level-3 ဖြေဆိုအောင်မြင်ခဲ့သည့် ခုံနံပါတ်ဖြင့် ရှာဖွေနိုင်ရန် link https://bit.ly/UWLDiploma2024 ကို နှိပ်ပါ။
၇။ ဒီပလိုမာအောင်လက်မှတ် ကိုယ်တိုင်တက်ရောက် ယူလိုသူများသည် (၂၈-၁-၂၀၂၄) မှ (၆-၂-၂ဝ၂၄) နေ့အတွင်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကြောင်းကြား ရပါမည်။
(ဖုန်း- ၀၉-၄၀၀၀၈၇၆၇၈/၀၉-၄၀၀၀၈၇၆၈၇)**အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့လျင် အနုဂ္ဂဟရုံးသို့ ပြန်လည်အကြောင်း ကြားပေးရမည်။
၈။ ဒီပလိုမာအောင်လက်မှတ်ကို ကိုယ်တိုင်တက်ရောက် မယူနိုင်သူများသည် အနုဂ္ဂဟအသင်း ရုံးချုပ် ရုံးခန်းတွင် (၂ဝ-၂-၂ဝ၂၄) မှ (၂၀-၃-၂ဝ၂၄) ရက်အတွင်း ထုတ်ယူနိုင်ပါသည်။
၉။ ဒီပလိုမာ အောင်လက်မှတ်ပေးအပ်သည့် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်မည့်သူများ အောင်လက်မှတ် ရယူနိုင်ရန်အတွက် Seat Number များကို စနစ်တကျထုတ်ယူနိုင်ရန် ဒီပလိုမာ ရယူမည့်နေ့အလိုက် နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ နောက်ဆုံးထား၍ ပညာဘူမိတက္ကသိုလ် တွင်ထုတ်ယူရန် လိုအပ်သည်။
၁၀။ ကျင်းပမည့်နေရာ – ပညာဘူမိတက္ကသိုလ်၊ ငါးဆူတောင်ဒေသ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် (၇-မိုင် ၆-ဖာလုံ)
ကျင်းပမည့်အချိန် – နေ့လည် (၂) နာရီ။
(မှတ်ချက်- ဘွဲ့နှင်းသဘင်ခန်းမအတွင်းသို့ နေ့လည် (၁)နာရီ အရောက်ဝင်ရမည်။)
စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့