ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲ ကျင်းပရန် ဆောင်ရွက်နေသည့် အခြေအနေများကို သိစေအပ်ပါသည်။
သုတဓမ္မ ဒီပလိုမာ Level 1 စာမေးပွဲကို တိုင်းနှင့်ပြည်နယ် အနှံ့ ပြည်တွင်းပြည်ပ နိုင်ငံ များကပါ စိတ်ပါဝင်စားသူ ပုဂ္ဂိုလ်များ၊ လေ့လာမှုများ ပြုလုပ်နေကြသူပုဂ္ဂိုလ်များ၊ Register လျှောက်လွှာတင်သွင်းသူများ ဖြေဆိုရန် ပြင်ဆင်နေကြသူ ပုဂ္ဂိုလ်များ အများအပြား ရှိကြသည်ကို ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး အနေဖြင့် လွန်စွာ ဝမ်းမြောက် လျှက်ရှိသည်။
၁။ သုတဓမ္မ ဒီပလိုမာ (Level-1) စာမေးပွဲ ကျင်းပရန် စီစဉ်ထားရှိသည့်ရက်စွဲမှာ ၁၇/၁၂/၂၀၂၂ ရက်နေ့ဖြစ်ပါသည်။
၂။ ဖြေဆိုရမည့် အချိန်မှာ နေ့ခင်း ၁:၀၀ နာရီမှ ၄:၀၀ နာရီ အထိ ဖြစ်ပြီး (၁) ရက်ထဲသာကျင်းပမည်။
၃။ စာဖြေဌာန နေရာများကို တိုင်းနှင့်ပြည်နယ် (၉) ဌာန တွင်း ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။ အဆိုပါ (၉) ဌာန တွင် စာဖြေသူများပြားသည့် တိုင်း/ပြည်နယ်များတွင် စာဖြေဌာန နေရာများ သတ်မှတ်ပြီးကြေငြာသွားပါမည်။
၄။ စာမေးပွဲ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူများကို စာမေးပွဲ ဝင်ခွင့် ကဒ် များထုတ်ပေးနိုင်ရေး သတ်မှတ်စာဖြေဌာန များ အလိုက် ဖြေဆိုရမည့်သူစာရင်းကို ကြေငြာပေးနိုင်ရန် စီစဉ်လျှက်ရှိပါသည်။
၅။ လျှောက်လွှာတင်သွင်းသူ ပုဂ္ဂိုလ်များထဲမှ အချက်အလက် ပြည့်စုံမှု မရှိသည့် လျှောက်လွှာ များမှလွဲ၍ လျှောက်ထားသူ များ ကို ဖြေဆိုခွင့်ရရှိစေရန် သင်တန်း ကြီးကြပ်ရေးအဖွဲ့မှ စီစဉ်လျှက်ရှိပါသည်။
၆။ စာမေးပွဲ ပါဝင်ဖြေဆိုနိုင်မည့် စာရင်းအား မကြာမှီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာပေးပါမည်။ တက္ကသိုလ် Website နှင့် တက္ကသိုလ် ရုံးခန်း နေရာများတွင် ကြေငြာပေးပါမည်။
မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မ တို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်းလိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောက ဓမ္မရေးရာ နှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသားများ ရရှိစေရန် လေ့လာ အားထုတ် ကြိုးပမ်းကြသည့် ပုဂ္ဂိုလ်များအားလုံး နှင့် လောကလူ သတ္တဝါများအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာကြပါစေ။
(သင်တန်း စီစဉ် ကြီးကြပ်ရေးအဖွဲ့)
၁၈/၁၀/၂၀၂၂