ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ တည်ထောင်ထားရှိတော်မူသော ပညာဘူမိတက္ကသိုလ် ၌ သုတဓမ္မဒီပလိုမာ (Diploma in Sutadhamma) ကို ၂၀၂၂ခုနှစ်၊ ဇွန်လ၊ (၆)ရက်နေ့ မှ စတင်ဖွင့်လှစ်လျှက်ရှိပြီး သင်တန်းသူ/သား လျှောက်လွှာများကို တင်သွင်းနိုင်သည်။
ကြိုတင်သိရှိထားရန် အချက်များ
သုတဓမ္မဒီပလိုမာ(Diploma in Sutadhamma)သင်တန်း သို့ လျှောက်ထားရန်အတွက် အောက်ပါနည်းလမ်း(၂)သွယ် အနက် ကြိုက်ရာနည်းလမ်းဖြင့် လျှောက်ထားနိုင်ပါသည်။
(၁) (က) Online မှ လျှောက်ထားလိုပါက Website Link [ https://universitywisdomland.edu.mm/reg-dip ] မှတဆင့် လျှောက်လွှာတင်သွင်းနိုင်ပါသည်။
(ခ)Web Site မှတဆင့်လျှောက်လွှာရယူရန်
https://www.universitywisdomland.edu.mm/diploma-in-suta-dhamma/
(ဂ) လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက ပူးတွဲပါ သင်တန်းသားလျှောက်လွှာကို (Print Out) ပြုလုပ်၍ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး အောက်ဖော်ပြပါ လိပ်စာနေရာများတွင် လာရောက် လျှောက်လွှာ တင်သွင်းနိုင်သည်။
(🔹) ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်းရုံးခန်း(ယာယီ)၊ နံနက်(၁၀:၀၀) နာရီမှ နေ့ခင်း (၂း၀၀)နာရီအတွင်း၊ [(7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။]
(🔹) ဓမ္မသဟာယသာသနစင်တာရုံးခန်း နံနက်(၈:၀၀)နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့ခင်း(၁း၀၀)နာရီမှ (၃း၀၀)နာရီ အတွင်း [အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။]
(🔹) ၀ဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်ရုံးခန်း နံနက် (၁၀:၀၀)နာရီ မှ နေ့ခင်း (၂:၀၀)နာရီအတွင်း [ခွါညိုပန်းဝိုင်း၊ ဇ၀နသိဒ္ဓိ ရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။]
(၂) အထက်ဖော်ပြပါ ရုံးခန်းနေရာများတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာများတွင် (၆)လအတွင်း ရိုက်ကူး ထားသည့် ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင် မိတ္တူ(၁)စောင်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ စနစ်တကျ ပြည့်စုံစွာ ဖြည့်သွင်းပြီး တင်သွင်းရမည်ဖြစ်ပြီး၊ Online မှ လျှောက်ထားသူများအနေဖြင့် Website Link တွင် အချက်အလက်များ တိကျမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားနိုင်သည်။
(၃) လျှောက်လွှာတင်သွင်းခွင့် နောက်ဆုံးရက်စွဲမှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၊ (၃၀)ရက်နေ့၊ ညနေ (၃)နာရီ ဖြစ်သည်။
(၄) အချက်အလက်မပြည့်စုံသော လျှောက်လွှာများ၊ သတ်မှတ်ရက်ကျော်လွန်သော လျှောက်လွှာများကို ရွေးချယ်မည် မဟုတ်ပါ။
(၅) သင်တန်းစီစဉ်ကြီးကြပ်ရေးအဖွဲ့က စိစစ်ရွေးချယ်ခံရသော သင်တန်းသူ/သား အမည်စာရင်းကို ထုတ်ပြန်ကြေငြာမည်။
(၆) ဒီပလိုမာ အစီအစဉ်အတွက် စစ်မေးသွားမည့် စာမေးပွဲပုံစံကို နားလည်သဘောပေါက်စေရန် လိုအပ်သော Guideline များ ထုတ်ပြန်ပေးမည်။
(၇) အလွတ်ကျက်မှတ်ခြင်းထက် မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်း၍ လိုက်နာကျင့်သုံးနေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာနှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသာများရရှိစေရန်အတွက် Applied Methodများဖြင့် လေ့လာတတ်စေရန်၊ ဖတ်ရှုရမည့် စာအုပ်များကို သင်တန်းတက်ရောက်သူများ ကိုယ်တိုင် သဘောကျနှစ်ခြိုက်သည်အထိ နားလည်တက်မြောက်ကြစေရန် အဓိကထား လေ့လာရန် လိုအပ်သည်။
သင်တန်းစီစဉ်ကြီးကြပ်ရေးအဖွဲ့
ပညာဘူမိတက္ကသိုလ်