University of Wisdom Land

News & Events

သုတဓမ္မဒီပလိုမာ Level (1) စာမေးပွဲ ဖြေဆိုရန် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၂၀) ဖြင့် အဆင်သင့် အနေအထားသို့ ရောက်ရှိ

ပညာဘူမိတက္ကသိုလ်
သုတဓမ္မဒီပလိုမာ Level (1) စာမေးပွဲ ဖြေဆိုရန် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၂၀) ဖြင့် ၁၇/၁၂/၂၀၂၂ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ ကျင်းပပြုလုပ်သွားရန် အဆင်သင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ စာဖြေဌာန အသီးသီးရှိ Bulletin Board များ၊ ၎င်းတို့ စာဖြေဌာနများ၏ အင်တာနက်စာမျက်နှာများတို့တွင် စာဖြေသူများ အတွက် ဖြေဆိုရမည့် ခန်းမများ ကိုကြိုတင်သိနိုင်ရန် ကြေငြာထားကြသည်။
စာဖြေကြမည့် ပုဂ္ဂိုလ်များသည် မိမိတို့ဖြေဆိုကြရမည့် စာဖြေဌာနများ လိပ်စာများကို ကြိုတင် ကြည့်ရှူထားကြပါရန်၊ စာဖြေသူများပြားသည့်် ရန်ကုန်စာဖြေဌာနများ မန္တလေးစာဖြေဌာနများ ဖြေဆိုသူ ခုံနံပါတ်များ နှင့် ဖြေဆိုရမည့် ခမ်းမများကြိုတင်ကြည့်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ပညာဘူမိတက္ကသိုလ် ၏အဓိက ရည်မှန်းချက်ဖြစ်သည် မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများကိန်းအောင်းလိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောက ဓမ္မရေးရာ နှစ်ဖြာတို့တွင်ကောင်းကျိုးချမ်းသားများရရှိစေရန်
မြတ်ဗုဒ္ဓ၏ တရားတော် များသည် Mind Centre Teaching ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ တရားဒေသနာများကို မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများအားလုံး လွယ်ကူစွာ သင်ယူတတ်မြောက် ကြစေရန် နှင့် မြတ်စွာဘုရား ၏ မူရင်း တရားတော်များနှင့်အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော မျက်မှောက်ခေတ် မြန်မာလူမျိုး များ အတွက် ဤတက္ကသိုလ် မှ မြတ်ဗုဒ္ဓ၏ တရားတော်များကိုသင်ကြားပို့ချသွားရန် တို့သည် ဤတက္ကသိုလ်၏ အဓိကရည်မှန်းချက်များဖြစ်သည်နဲ့အညီ ဆောင်ရွက် လျှက်ရှိနေကြောင်းနှင့် အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းပြည့်စုံကြပါစေ
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)

Related News