University of Wisdom Land

News & Events

သုတဓမ္မဒီပလိုမာ Level (1) စာမေးပွဲဝင်ခွင့် ကတ်ပြားများထုတ်ပေးခြင်း မှတ်တမ်းပုံရိပ်

ရန်ကုန် စာဖြေဌာန များအတွက် စာမေးပွဲဝင်ခွင့် ကတ် ပြား ထုတ်ယူနိုင်ရေး နှင့် အမည်ရှာ မတွေ့သူများ အနုဂ္ဂဟ computer စနစ် volunteer အဖွဲ့ မှ မှတ်ပုံတင်အချက်အလက် များ ကြည့်ရှူ ပြုလုပ်၍ ၂၄/၁၁/၂၀၂၂ မှစ၍ စာဖြေခွင့်ကတ် ထုတ်ယူနိုင် ကြောင်း အကြောင်းကြားခြင်း
၁။ သုတဓမ္မ ဒီပလိုမာ Level-1 စာမေးပွဲဝင်ခွင့် ရန်ကုန်စာဖြေဌာနများကတ်ပြားများကို ၂၄/၁၁/၂၀၂၂ မှ ၇/၁၂/၂၀၂၂ အထိ ထုတ်ယူပါရန်
၂။ ကတ်ပြားများ ပိုမိုမြန်ဆန်စေရန် ထုတ်ပေးနိုင်ရန် ခုံနံပါတ် ကိုကြိုတင်ကြည့်လာရန် လိုအပ်ပါသည်။ ဝင်ခွင့်စာရင်း စစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။ https://www.universitywisdomland.edu.mm/entrance-result/
၃။ ကိုယ်တိုင်မလာနိုင်ပါက ကိုယ်စားထုတ်ယူရင်လည်း ရပါသည်။
၄။ စာဖြေဌာန နှင့် ခုံနံပါတ် မတွေ့ရှိသူ များပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်းများကို လက်ခံရရှိပါသည်။ စိုးရိမ် စာရာမလိုပဲ ကတ်ပြား လာရောက်ထုတ်ယူနိုင်ပါသည်။ ခုံနံပါတ် နှင့် စာဖြေကတ်ပြား မထုတ်ခင် computer counter တွင် မိမိ အမည် နှင့် မှတ်ပုံတင်ကို ပြော ပြီး အနုဂ္ဂဟ အသင်း volunteer အဖွဲ့မှ computer စနစ်တွင် ပြုလုပ်ပြီး စာဖြေခွင့် ကတ် ထုတ်ယူနိုင်ပါသည်။
***မှတ်ပုံတင် မိတ္တူ သို့ မှတ်ပုံတင်ပုံကို ဖုန်းထဲတွင် ဓာတ်ပုံရိုက်၍ ယူဆောင်လာပါရန်
၂။ ရန်ကုန်စာဖြေဌာန (၁/၃/၄/၅/၆/၇ )များတွင် ဖြေဆိုရမည့်သူများသည် ရန်ကုန် အနုဂ္ဂဟ ရုံးခန်းတွင် စာမေးပွဲဖြေခွင့်ကတ်များ ထုတ်ယူရန်။ (ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊(7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mallအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။)
၄။ စာဖြေဌာန (၂) ဓမ္မဝိဇာလယသုဗောဓာရုံ သန်လျင် စာဖြေဌာနတွင် ဖြေဆိုရမည့်သူများသည် ၎င်းစာဖြေဌာနတွင် စာမေးပွဲဖြေခွင့်ကတ်များ ထုတ်ယူရန် ဖြစ်ပါသည်။
၅။ ပါမောက္ခချုပ် ဆရာတော်ကြီးမှ စာဖြေလိုသူအားလုံးတို့အတွက် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၁၈) ခု ပြုလုပ်၍ စီစဉ်စေခြင်း၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ မေးခွန်းများကို ဆရာတော်ကြီးကိုယ်တိုင် ထုတ်ပေးခြင်း၊ စာဖြေဌာန အသီးသီးရှိ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရုံးအဖွဲ့ သင်တန်းစီစဉ်ကြီးကြပ်ရေး အဖွဲ့နှင့် Volunteer အဖွဲ့များ မှ လိုအပ်တာ မှန်သမျှ စီစဉ်လျက်ရှိခြင်း စာမေးပွဲ အထောက်အကူပြု သင်တန်း ဆရာ ဆရာမကြီးများ စာဖြေသူများကဘက်ကလည်း အားတက်သရော ကြိုးစား နေကြခြင်းတို့သည် သုတဓမ္မဒီပလိုမာ Level (၁) စာမေးပွဲ ၏ တူညီစွာ (equally important) အရေးအပါဆုံး စုဖွဲ့ မှု ဖြစ်သည်နှင့်အညီ အားလုံးစိတ်မလျော့ပဲမိမိတို့ အပိုင်းအလိုက် ကြိုးစား လျှက် ရှိနေကြသည်နှင့်အညီ ဆက်လက်ကြီုးစားကြပါရန် တိုက်တွန်းအပ်ပါသည်။
( စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့ )

Related News