ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် အကြိမ်များစွာ ထပ်မံ စာစစ် ၍ ယခင်စာမျက်နှာ (၄၁၃) မျက်နှာ ရှိ “ပဋ္ဌာန်းမြတ်ဒေသနာ” စာအုပ် မှ စာမျက်နှာ (၂၈၂) အထိ အကျစ်လစ်ဆုံး စုစည်း၍ အသစ်တဖန် ပြန်လည်ထွက်ရှိလာသည့် “ပဌာန်းမြတ်ဒေသနာ”
🔹🔹🔹🔹🔹🔹
ဆရာတော်ဘုရားကြီး၏ နောက်ဆက်တွဲ အမှာစကားများ၊ ပဋ္ဌာန်းမြတ်ဒေသနာ အနှစ်ချုပ်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ အပါအဝင်အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU) ၌သီတင်းသုံး နေထိုင်စဥ် ရေးသားအပ်သော ပဋ္ဌာန်း (၂၄) ပစ္စည်းကျေးဇူးပြုပုံ သိသာရုံ အကျဥ်းမျှ ရှင်းပြထားသည့်“ပဌာန်းမြတ်ဒေသနာ” မည်သောစာတမ်းကိုလည်း ထည့်သွင်းဖော်ပြထား ရှိသည်။
🔹🔹🔹🔹
နိဂုံး
ကြောင်းကျိုးနှစ်တန်၊
စစ်အမှန်ကို၊
ဧကန်ရှုမြင်၊
ဥာဏ်သက်ဝင်မှ၊
ကင်းစင် သံသယ၊
လမ်းမှန်ရလျက်၊
ဘဝသံသရာ၊
ကျင်လည်ရာမှ၊
မြန်စွာထွက်မြောက်၊
နိဗ္ဗာန်ရောက်မည်၊
ထွန်းတောက်ဥာဏ်မြင်၊
လင်းစေသော်……….။
ဓာတ်ပုံ၊စာသား Credit ကိုသူရိန်အောင်