ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ နှင့် သုတဓမ္မဂဝေသီ (BA )ဘွဲ့ကို ကျောင်းတက်စရာမလိုဘဲ စာမေးပွဲဖြေဆိုအောင်မြင် ခြင်းဖြင့်ရယူနိုင်ပြီ။
?????
(၁) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်၂၀၂၂-ဇွန်လ ၆- ရက် တနင်္လာနေ့ကစ၍ ပညာဘူမိတက္ကသိုလ် စတင်ဖွင့်လှစ်ထားရှိသည်။
(၂) ပညာဘူမိတက္ကသိုလ်က ပြဌာန်းထားသော Level (၁၊၂၊၃) စာအုပ်များကိုကိုယ်တိုင်လေ့လာသင်ယူပြီး
၆- လ တစ်ကြိမ်ကျင်းပမည့်စာမေးပွဲများမပျက်မကွက်ဖြေဆို၍ သုတဓမ္မဒီပလိုမာရယူပါ။
(၃) ဆက်လက်၍ သုတဓမ္မဂဝေသီ (BA) တန်းအတွက် ပြဌာန်းထားသော စာအုပ်များကိုဖတ်ရှုလေ့လာ၍ တစ်နှစ် တစ်ကြိမ် စာမေးပွဲဖြေဆိုပါ။ စာမေးပွဲ နှစ်ကြိမ်အောင်မြင်ပါက သုတဓမ္မဂဝေသီ(BA) ဘွဲ့အပ်နှင်းပါမည်။
(၄) ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်သိအောင်ကြိုးစားပါ။
(၅) ကိုယ်တိုင်ကြိုးစားခြင်း၏ အရသာကိုသိပါလိမ့်မည်။
(၆) အတ္တနာဝ ဇာနေယျာထ (သိအောင်ကိုယ်တိုင်လုပ်ပါ) (မြတ်ဗုဒ္ဓ)
ပညာဘူမိတက်ကသိုလ်
မှတ်ချက်။ သုတဓမ္မဒီပလိုမာ Level (၁) အတွက် ပြဌာန်းစာအုပ်များ ကို တက္ကသိုလ်မှထုတ်ဝေနိုင်ရန် စီစဉ်လျှက်ရှိသည်။ ပုံနှိပ်ရန် ဆောင်ရွက်နေသည့်ကာလအတွင်း အောက်ဖေါ်ပြပါ အင်တာနက်စာမျက်နှာမှတဆင့် e-book များကို ဖတ်ရှူလေ့လာနိုင်သည်။
တက္ကသိုလ် အနုဂ္ဂဟ ဌာန
?????
၂၀၂၂-၂၀၂၃ ခုနှစ် သုတဓမ္မဒီပလိုမာ (Diploma in Sutadhamma) အစီအစဥ်အတွက်ဘာသာရပ်ဆိုင်ရာ ပြဌာန်းစာအုပ်များရယူနိုင်သည့် Link များကို ဖေါ်ပြအပ်ပါသည်။