၁။ ၁၇/၁၂/၂၀၂၂ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သုတဓမ္မ ဒီပလိုမာ Level-1 စာမေးပွဲ အတွက် တိုင်းနှင့်ပြည်နယ် စာဖြေဌာန (၁၁)ခု နှင့်ခုံအမှတ်များ စာရင်းများကို ထုတ်ပြန်ကြေညာအပ် ပါသည်။
၂။ ဝင်ခွင့်စာရင်း စစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။ https://www.universitywisdomland.edu.mm/entrance-result/
၃။ လျှောက်လွှာဖောင်တင်ချိန်တွင် အချက်အလက် မပြည့်စုံ သူ ပုဂ္ဂိုလ် (အနည်းငယ်မျှသာ)မှလွဲ၍ စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ များအားလုံးဖြေဆိုခွင့် ရရှိရန် ဆောင်ရွက်ထားရှိသည်။ စာဖြေသူစာရင်းကို ထပ်မံစစ်ဆေးလိုပါလျှင် (သို့) ထပ်မံသိရှိလိုသည်များ ရှိပါက https://www.universitywisdomland.edu.mm/reverification-form/ form ကို ဖြည့်ပါရန် (သို့) အနုဂ္ဂဟ အသင်းရုံးခန်းသို့ ဆက်သွယ်နိုင်ပါသည်။
မှတ်ပုံတင် သုံးခေါက်ချိုး၊ Passport နံပါတ်နှင့် လျှောက်ထားသူများ ရုံးခန်းကို ဆက်သွယ်၍ စာမေးပွဲ စာဖြေဌာန၊ ခုံအမှတ်၊ စာဖြေခွင့်ကတ်ရယူပါရန်**
၄။ သုတဓမ္မ ဒီပလိုမာ Level-1 စာမေးပွဲကို စာဖြေလိုသူ များပြားခြင်း၊ လူအများမှ အထူးစိတ်ဝင်စားခြင်း၊ စာမေးပွဲမဖြေသော်လည်း လေ့လာ လိုက်နာ ကျင့်သုံးသူများ ရှိကြသည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ ဝမ်းမြောက်လျှက်ရှိနေကြောင်း ထပ်မံဖေါ်ပြအပ်ပါသည်။
၅။ဆရာတော်ကြီး အနေဖြင့် ဖြေဆိုလိုသူများအားလုံးဖြေဆိုနိုင်စေရန် တိုင်းနှင့် ပြည်နယ်အလိုက် စာဖြေဌာန များတိုးချဲ့ ပြီး စာမေးပွဲကျင်းပ ရန် ဆန္ဒရှိသည်နှင့်အညီ စီစဉ်ထားရှိပါသည်။
၆။ Online မှ လျှောက်ထားသူဖြစ်ခဲ့ပါက စာမေးပွဲဝင်ခွင့် ကတ်ပြား လာရောက်ထုတ်ယူချိန် တွင် ကဒ်ပြားတွင်ထည့်သွင်းရန် passport size ဓာတ်ပုံ (၁)ယူဆောင်လာရန် လိုအပ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
၇။ တိုင်းနှင့်ပြည်နယ် များ အတွက် စာဖြေဌာန (၁၁) ဌာန သတ်မှတ်ထားရှိပါသည်။ စာဖြေဌာနများ အမည်ကို ပူးတွဲဖေါ်ပြထားသည်။
၈။ စာမေးပွဲဝင်ခွင့်ကတ် ထုတ်ယူနိုင်သည့် နေရာ နှင့် ရက်စွဲများမှာ ကတ်ထုတ် ရန် ရက်စွဲ ၀၁/၁၂/၂၀၂၂ မှ ၇/၁၂/၂၀၂၂ အထိ ထုတ်ယူပါရန်
(က) ကျောင်းသား/စာမေးပွဲဝင်ခွင့်ကတ် များကို မိမိစာဖြေဌာန အလိုက် ထုတ်ယူရန် ဖြစ်ပါသည်။
၉။ စာမေးပွဲဝင်ခွင့် ကတ်ပြား ထုတ်ယူရန် Online မှ လျှောက်ထားသူ ဖြစ်ခဲ့ပါက စာမေးပွဲဝင်ခွင့် ကတ်ပြား လာရောက်ထုတ်ယူချိန်တွင် ကတ်ပြားတွင် ထည့်သွင်းရန် passport size ဓာတ်ပုံ (၁)ပုံ ယူဆောင်လာရန် လိုအပ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
၁၀။ ကျောင်းသားကတ် ထုတ်ပြီး သော်လည်း (စာမေးပွဲနေရာထိုင်ခင်း တိကျစွာရေတွက်နိုင်ရန်) စာမေးပွဲ မဖြေဆိုဖြစ်ပါက ၇/၁၂/၂၀၂၂ မှ ၁၀/၁၂/၂၀၂၂ ရက်အတွင်း ရုံးခန်းသို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၉။ ထပ်မံသိရှိလိုသည်များရှိပါက Messenger, Viber နံပါတ်များနှင့် website form တို့မှ မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့ )