ပညာဘူမိတက္ကသိုလ် သုတဓမ္မဝေဒီ (M.A) ဘွဲ့အပ်နှင်းခြင်း အစီအစဉ် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်
ဓမ္မာစရိယဘွဲ့ရရှိပြီး ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ၊ တက္ကသိုလ် တစ်ခုခုမှ ဗုဒ္ဓစာပေဆိုင်ရာ B.A, M.A ဘွဲ့ ရရှိပြီး ပုဂ္ဂိုလ်များ၊ ဘွဲ့မရသော်လည်း ဗုဒ္ဓစာပေအရာ ကျွမ်းကျင်တတ်သိ ထားသူများသည် သုတဓမ္မဒီပလိုမာ နှင့် သုတဓမ္မဂဝေသီ (B.A) တန်းများ၌ ဝင်ရောက်ဖြေဆိုရန် မလိုပဲ ၂၀၂၃ခုနှစ် ပညာသင်နှစ် သုတဓမ္မဝေဒီ (M.A)ဘွဲ့ အတွက် သုတေသနကျမ်း တင်သွင်းနိုင်ရန် ပညာဘူမိတက္ကသိုလ် ပညာရေးအဖွဲ့သို့ လိပ်မူ၍ လျှောက်လွှာတင်သွင်း နိုင်ပါကြောင်း အသိပေးကြေငြာ အပ်ပါသည်။
(က) လျှောက်လွှာတင်သွင်းနိုင်သည့် အချိန်ကာလ
(၀၁/၁၁/၂၀၂၂) မှ (၃၁/၁၂/၂၀၂၂) ရက်နေ့အထိ
လျှောက်လွှာရယူနိုင်သည့် ရုံးနေရာများမှာ
(ခ)လျှောက်လွှာ ထုတ်ယူနိုင်သော နေရာများမှာ
၁) ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊(7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mallအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံး ရုံးခန်းဖွင့်သည်။
(၂) ဓမ္မသဟာယသာသနစင်တာ ရုံးခန်း နံနက် (၈း၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့ခင်း (၁း၀၀) နာရီမှ (၃း၀၀) နာရီ အတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။
၂၂/၁၀/၂၀၂၂
(သင်တန်းစီစဉ်ကြီးကြပ်ရေးအဖွဲ့)