University of Wisdom Land

News & Events

ပညာဘူမိတက္ကသိုလ် အုပ်ချုပ်ရေးနှင့်ပညာရေးအဖွဲ့ ဖွဲ့စည်းတာဝန်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက် နေ့တွင် ပညာဘူမိတက္ကသိုလ် ၏ တက္ကသိုလ်သဘာပတိ တင်မြှောက်ခြင်း၊ ပါမောက္ခချုပ်၊ဒုပါမောက္ခချုပ်၊ ပါမောက္ခများ၊ကထိကများ၊ အနုဂ္ဂဟအဖွဲ့ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ ဖွဲ့စည်းကြေငြာခြင်း၊ အုပ်ချုပ်ရေးနှင့်ပညာရေးအဖွဲ့ ဖွဲ့စည်းတာဝန်အပ်နှင်းခြင်း အခမ်းအနားအစီအစဉ်များကို ဆောင်ရွက်ခဲ့သည်။



ပညာဘူမိတက္ကသိုလ်ကိုဦးစီးတည်ထောင်သည့် မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီပဓာန နာယကဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး မှ ပညာဘူမိတက္ကသိုလ်ကြီး၏ အကြီးအကဲ တက္ကသိုလ်သဘာပတိ (Chancellor) အဖြစ် ဆောင်ရွက်တော်မူမည်ဖြစ်သည်။

တက္ကသိုလ်သဘာပတိဆရာတော် ကြီးက တက္ကသိုလ် လုပ်ငန်းဌာန (၅)ရပ်နှင့် အုပ်ချုပ်ရေးနှင့်ပညာရေးအဖွဲ့များ ဖွဲ့စည်းတာဝန် အပ်နှင်းတို့ကိုဆောင်ရွက်ရာတွင် တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် တက္ကသိုလ်ကြီး၏ လုပ်ငန်းတာဝန်ကိစ္စအဝဝကို ထမ်းဆောင်ရန်အတွက် ဘန္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ မတ္တရာမြို့ သာသနဇောတာရုံ နာယကဆရာတော်အား တာဝန်အပ်နှင်းသည်။
ဒုတိယပါမောက္ခချုပ်အဖြစ် ဘဒ္ဒန္တ သုဇနိန္ဒာဘိဝံသ စစ်ကိုင်းမြို့မဟာသုဗောဓာရုံ နာယကဆရာတော် အားအပ်နှင်းတာဝန်ပေးအပ်သည်။

ထို့နောက် ပါမောက္ခများ၊ကထိကများကို တက္ကသိုလ်ကြီး၏ ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ရန် ဆက်လက် တာဝန်များအပ်နှင်းသည်။
တက္ကသိုလ် ၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့်
မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများကိန်းအောင်းလိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောက ဓမ္မရေးရာ နှစ်ဖြာတို့တွင်ကောင်းကျိုးချမ်းသားများရရှိစေရန် ရည်သန်၍ဆောင်ရွက်ရန်၊
မြတ်ဗုဒ္ဓ၏ တရားတော် များသည် Mind Centre Teaching ဖြစ်သည်နှင့်အညီ မြတ်စွာဘုရား၏ တရားဒေသနာများကို မြန်မာနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများအားလုံး လွယ်ကူစွာ သင်ယူတတ်မြောက် ကြစေရန် နှင့်
မြတ်စွာဘုရား ၏ မူရင်း တရားတော်များနှင့်အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေကြသော မျက်မှောက်ခေတ် မြန်မာလူမျိုး များ အတွက် ဤတက္ကသိုလ် မှ မြတ်ဗုဒ္ဓ၏ တရားတော်များကိုသင်ကြားပို့ချသွားရန် တို့သည် ဤတက္ကသိုလ်၏ အဓိကရည်မှန်းချက်များဖြစ်သည်နဲ့အညီ တက္ကသိုလ်လုပ်ငန်းများကိုဆောင်ရွက်ရန် အနုဂ္ဂဟဌာန၊စာကြည့်တိုက်ဌာန၊စာအုပ်ထုတ်ဝေရေးဌာန၊ကျမ်းပြုဌာန၊ပညာရေးဌာန ၅ ဌာန ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြစ်သည်။

ထို့နောက် ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရားကြီးက တက္ကသိုလ်အတွက်ရံပုံငွေ များ ပေးအပ်လှူဒါန်းသည်။
ဖွဲ့စည်းတာဝန်ပေးအပ်နှင်းသည့် တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် နှင့် ပညာရေးအဖွဲ့ ဆရာ တော် သံဃာတော်များ နှင့် အနုဂ္ဂဟ အဖွဲ့ အလုပ်အမှုဆောင်များမှ ဆောင်ရွက်စရာရှိသည့်ကိစ္စအဝဝတို့ကို ဆက်လက်စီစဉ်ဆောင်ရွက်ခြင်းဆက်လက်ပြုလုပ်ကြသည်။
ပညာဘူမိတက္ကသိုလ်
၀၃/၁၂/၂၀၂၂

Related News