University of Wisdom Land

News & Events

၂၄/၁၁/၂၀၂၂ မှစ၍ စာဖြေခွင့်ကတ် ထုတ်ယူနိုင် ကြောင်း အကြောင်းကြားခြင်း

ရန်ကုန် စာဖြေဌာန များအတွက် ခုံနံပါတ်ရရှိပြီး သူများစာမေးပွဲဝင်ခွင့် ကတ်ပြား ထုတ်ယူနိုင်ရေး နှင့် အမည်ရှာ မတွေ့သူများ ရှိပါက လည်း အနုဂ္ဂဟ အသင်း computer စနစ် volunteer အဖွဲ့ မှ မှတ်ပုံတင် အချက်အလက် များ ကြည့်ရှူ၍ ၂၄/၁၁/၂၀၂၂ မှ စ၍ စာဖြေခွင့်ကတ် ထုတ်ယူနိုင်ကြောင်း အကြောင်းကြားခြင်း

၁။ သုတဓမ္မ ဒီပလိုမာ Level-1 စာမေးပွဲဝင်ခွင့် ရန်ကုန် စာဖြေဌာနများ အတွက်ကတ်ပြားများကို ၂၄/၁၁/၂၀၂၂ မှ ၇/၁၂/၂၀၂၂ အထိ ထုတ်ယူပါရန်

၂။ ကတ်ပြားများ ပိုမိုမြန်ဆန်စေရန် ထုတ်ပေးနိုင်ရန် ခုံနံပါတ် ကိုကြိုတင်ကြည့်လာရန် လိုအပ်ပါသည်။ ဝင်ခွင့်စာရင်း စစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။ https://www.universitywisdomland.edu.mm/entrance-result/

၃။ ကိုယ်တိုင်မလာနိုင်ပါက ကိုယ်စားထုတ်ယူရင် လည်းရပါသည်။

***မှတ်ပုံတင် ယူဆောင်လာပါရန်

၄။ စာဖြေဌာန နှင့် ခုံနံပါတ် မတွေ့ရှိသူ များပြန်လည်စစ်ဆေးပေးရန် လျှောက်ထားခြင်းများကို လက်ခံရရှိပါသည်။ စိုးရိမ် စရာမလိုပဲ ကတ်ပြား တိုက်ရိုက်လာရောက်ထုတ်ယူနိုင်ပါသည်။ ခုံနံပါတ် နှင့် စာဖြေကတ်ပြား မထုတ်ခင် computer counter တွင် မိမိ အမည် နှင့် မှတ်ပုံတင်ကို ပြော ပြီး အနုဂ္ဂဟ အသင်း volunteer အဖွဲ့မှ computer စနစ်တွင် ကြည့်ရှူပြုလုပ်ပြီး စာဖြေခွင့် ကတ် ထုတ်ယူနိုင်ပါသည်။

***မှတ်ပုံတင် ယူဆောင်လာပါရန်

၂။ ရန်ကုန်စာဖြေဌာန (၁/၃/၄/၅/၆/၇ ) များတွင် ဖြေဆိုရမည့်သူများသည် ရန်ကုန် အနုဂ္ဂဟ ရုံးခန်းတွင် စာမေးပွဲဖြေခွင့်ကတ်များ ထုတ်ယူရန်။ (ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊ (7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mall အနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။)

၄။ စာဖြေဌာန (၂) ဓမ္မဝိဇာလယသုဗောဓာရုံ သန်လျင် စာဖြေဌာနတွင် ဖြေဆိုရမည့်သူများသည် ၎င်းစာဖြေဌာနတွင် စာမေးပွဲဖြေခွင့်ကတ်များ ထုတ်ယူရန် ဖြစ်ပါသည်။

၅။ ပါမောက္ခချုပ် ဆရာတော်ကြီးမှ စာဖြေလိုသူအားလုံးတို့ အတွက် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၁၈) ခု ပြုလုပ်၍ စီစဉ်စေခြင်း၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ မေးခွန်းများကို ဆရာတော်ကြီးကိုယ်တိုင် ထုတ်ပေးခြင်း၊ စာဖြေဌာန အသီးသီးရှိ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရုံးအဖွဲ့ သင်တန်း စီစဉ်ကြီးကြပ်ရေး အဖွဲ့နှင့် Volunteer အဖွဲ့များ မှ လိုအပ်တာ မှန်သမျှ စီစဉ်လျက်ရှိခြင်း စာမေးပွဲ အထောက်အကူပြု သင်တန်း ဆရာ ဆရာမကြီးများ၊ စာဖြေသူများဘက်ကလည်း အားတက်သရော ကြိုးစား နေကြခြင်းတို့သည် သုတဓမ္မဒီပလိုမာ Level (၁) စာမေးပွဲ ၏ တူညီစွာ (equally important) အရေးအပါဆုံး စုဖွဲ့ မှု ဖြစ်သည်နှင့်အညီ အားလုံးစိတ်မလျော့ပဲမိမိတို့ အပိုင်းအလိုက် ကြိုးစား လျှက် ရှိနေကြသည်နှင့်အညီ ဆက်လက်ကြီုးစားကြပါရန် တိုက်တွန်းအပ်ပါသည်။

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)

Related News