၂၃/၁၀/၂၀၂၂
၁။ ကျောင်းတက်စရာမလိုပဲ ကျမ်းပဲတင်သွင်းရမှာလား?
ဖြေ။ ဟုတ်ပါတယ်၊ မိမိကိုယ်တိုင် ဖတ်ရှုလေ့လာပြီး တွေ့ရှိချက်ကို ခိုင်လုံတဲ့ အကိုးအကားနဲ့ ရေးရမှာပါ။
၂။ မေး ကျမ်းစာ က ဘယ်တော့ တင်ရမှာလဲ?
ဖြေ။ M.A ဘွဲ့အတန်း ဝင်ခွင့် ရရန် (ဉီးစွာ) လျှောက်ထားရပါမည်။ M.A တန်း ဝင်ခွင့် ဖောင် ပိတ်မည့်ရက်မှာ ၃၁/၁၂/၂၀၂၂ ဖြစ်သည်။ M.A တန်း ဝင်ခွင့်ရသူများသာ ကျမ်းစာ တင်သွင်းခြင်း ဆိုင်ရာများ အတန်းဆိုင်ရာများ နှင့် ဆက်လက် ဆောင်ရွက်ရန်လိုသည်။
၃။ကျမ်းက မြန်မာ(or) Eng ဘာနဲ့တင်ရမလဲ?
ဖြေ။ ပါဠိ/မြန်မာ/အင်္ဂလိပ် ဘာသာ ဖြင့်တင်သွင်းနိုင်သည်။
၃။ စာမျက်နှာ ဘယ်လောက် တင်သွင်းရမလဲ?
ဖြေ။ တင်သွင်းသောကျမ်းစာသည် အနည်းဆုံးစာမျက်နှာ (၁၀၀) ခန့်ရှိရန် လိုအပ်သည်။
၄။ မေး။ Form ကို printer ထုတ်ပြီးစာတိုက်က ပို့လို့ရပါသလား? Online Form ကနေရောတင် လို့ရပါသလား?
ဖြေ။ form လက်ခံရာ နေရာဌာနသို့ ရောက်ရှိရန် သေချာရန် လိုအပ်သည်။ လျှောက်လွှာ နှင့် ပူးတွဲ စာရွက်များကို စီစစ်ရန် လိုအပ်သဖြင့် Online Form အစီအစဉ်မရှိပါ။
၅။ ဘယ်လို ဘွဲ့ (သို့) ပညာအရည်အချင်းမှ ဝင်ခွင့်ရမှာပါလဲ?
ဖြေ။ ဗုဒ္ဓစာပေဆိုင်ရာ (BA, MA)ဘွဲ့ ရရှိပြီးသူများ လို့ ဆိုသဖြင့် မိမိရရှိပြီးဘွဲ့သည် BA, MA အဆင့်တူ ဖြစ်ဖို့ လိုပါသည်။ သတ်မှတ်ပေးထားသည့် သုတေသနကျမ်းကို သတ်မှတ်ပေးသည့် စံနှင့်အညီ အချိန်မီ မတင်သွင်းနိုင်ပါက ရွေးချယ်ခံရဖွယ်မရှိပါ။
၆။ ကျမ်းစာခေါင်းစဉ် ဘယ်လိုရွေးချယ် ရပါမလဲ?
ဖြေ။ သုတဓမ္မဝေဒီ (M.A) ဘွဲ့ အတွက် တက်ရောက်လိုသူသည် တက္ကသိုလ် ပညာရှင် Board အဖွဲ့မှ ချထားပေးသည့် ကျမ်းခေါင်းစဉ်များ အနက် မိမိ တင်သွင်းလိုသော သုတေသနကျမ်းစာ ကို ရွေးချယ်တင်သွင်းနိုင်သည်။
၇။ ကျမ်းခေါင်းစီးများက ဘယ်လို ဟာမျိုးတွေဖြစ်ပါမလဲ?
ဖြေ။ ပါဠိစာပေ အဋ္ဌကထာ ဋီကာ ကျမ်းမျိုးစုံ သုတေသနပြုလုပ်ရမည့် ကျမ်းခေါင်းစီး များကို နှစ်အလိုက် သီးခြားထုတ်ပြန်ပေးမည်။
၈။ ကျမ်းဦး ရေးသားနည်းကရော?
ဖြေ။ တင်သွင်းလိုသော ကျမ်းတွင် ကျမ်းဦး အမှာစကားကို ပါဠိဘာသာ (သို့) မြန်မာဘာသာ (သို့)အင်္ဂလိပ်ဘာသာ ဖြင့်ရေးသားရမည်။
ကျမ်းဦးအမှာစကားရေးသားရာ၌
(က)ကျမ်းအမည်၊
(ခ)ကျမ်းပြုသူအမည်၊
(ဂ) ကျမ်းရေးသားပုံ၊
(ဃ) ကျမ်း၏အကျိုးကျေးဇူးများပါရှိသော ကျမ်းသမိုင်းနှင့် မိမိ၏ ကြိုးပမ်း အားထုတ်မှုကို ဖေါ်ပြရမည်။
၉။ အကဲဖြတ် စစ်ဆေးမှုက ဘယ်လိုလုပ်မှာပါလဲ?
ဖြေ။ သုတဓမ္မဝေဒီ (M.A) ဘွဲ့ အတွက် သုတေသနကျမ်း တင်သွင်းသူများ၏ ကြိုးပမ်းအားထုတ်မှု ကြိုးစားယှဉ်ပြိုင်မှုများဖြင့် တင်သွင်းလာသည့် ကျမ်းစာများအနက် အကောင်းမွန်ဆုံး ကျမ်းများ ကို ပညာရှင် Board အဖွဲ့မှ အကဲဖြတ်ရွေးချယ်မည်။
အကဲဖြတ်ရွေးချယ်ရာတွင် M.A ဘွဲ့ ကျမ်းစာ တင်သွင်းသော ပုဂ္ဂိုလ်၏ သုတေသန ပြုလုပ်မှုဆိုင်ရာ ကျွမ်းကျင်မှု ကြိုးပမ်းအားထုတ်မှုများကို အကဲဖြတ်နိုင်ရန် ပညာရှင် Board အဖွဲ့ ၏ သဘောထားမှတ်ချက်များဖြင့် အကဲဖြတ် စစ်ဆေးမည်။
၁၀။ မအောင် ပါက ဘာလုပ်ရမလဲ?
ဖြေ။ M.A ဘွဲ့အတွက် ကျမ်းတင်သွင်းသူ၏ သုတေသနကျမ်းစာအား ပညာရှင် Board အဖွဲ့၏ ရွေးချယ်ခြင်း မခံရပါကပြုစုလျက် ရှိသော ကျမ်းစာအားပိုမိုကောင်းမွန်စေရန် ပြုပြင်ခြင်း (သို့မဟုတ်) ထပ်မံချထားပေးမည့် ကျမ်းခေါင်းစဉ်အား ထပ်မံတင်သွင်းနိုင်ရန် အကြောင်းကြားမည်။
ပညာရှင် Board အဖွဲ့၏ သဘောထား မှတ်ချက်နှင့်အညီ ရွေးချယ်ခံရပါက ရွေးချယ်ခံရသော ကျမ်းနှင့် တင်သွင်းပုဂ္ဂိုလ်၏ အမည်ကို ထုတ်ပြန် ကြေငြာမည်။
သင်တန်းစီစဉ် ကြီးကြပ်ရေးအဖွဲ့
၂၃/၁၀/၂၀၂၂၂