University of Wisdom Land

News & Events

မြန်မာနှစ်သစ်ကူး သင်္ကြန် ကာလအတွင်း ဝိပဿနာရှူပွါး ဓာတ် (၁၈) ပါး အပိုင်းလိုက်တရားတော်များကို Dhamma Download နှင့် သစ္စာပါရမီ (Thitsarparami) Application များမှတဆင့် လိုက်နာကျင့်သုံးနိုင်ပါကြောင်း

မြန်မာနှစ်သစ်ကူး သင်္ကြန် ကာလအတွင်း ပြင်ဦးလွင် မြို့နယ် အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ အတွင်း တွင် ဝိပဿနာတရားအားထုတ်နည်းများကို အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ပါမောက္ခချုပ်ဆရာတော် ဘုရားကြီး မှ နေ့စဉ် ဟောကြားပေးလျက်ရှိသည်။

ဆရာတော်ဘုရား ဟောကြားလျက်ရှိသည့် ဝိပဿနာရှူပွါး ဓာတ် (၁၈) ပါး အပိုင်းလိုက်တရားတော်များကို Dhamma Download နှင့် သစ္စာပါရမီ (Thitsarparami) Application များမှတဆင့် မိမိတို့ လက်ကိုင်ဖုန်းများသို့ ထည့်သွင်း၍ တရားနာယူ လိုက်နာကျင့်သုံးနိုင်ပါကြောင်း တိုက်တွန်း အပ်ပါသည်။

ဆရာတော်ဘုရား ဟောကြားသင်ပြပေးနေသည့် အဘိဓမ္မာ (၇)ကျမ်း ပါ အဋ္ဌာရသဓာတုယော ဝိပဿနာရှူပွါး ဓာတ် (၁၈) ပါး အတွက် အထောက်အကူပြု စာကိုလည်း ရယူနိုင်ပါသည်။

မြန်မာနှစ်သစ်ကူး ကာလမတိုင်မှီကလည်း ဒွယဝိပဿနာတရား ရှူပွါးနည်း အပိုင်း (၁)မှ (၅)အထိကိုလည်း ဆရာတော်ဘုရားကြီး မှ ဟောကြားထားရှိသည်။ သင်္ကြန်တွင်းကာလအတွင်း ဝိပဿနာ အားထုတ်နည်းများကို သိရှိနားလည် သဘောပေါက်ပြီး အချိန်မရွေး နေရာမရွေး အားထုတ်နိုင်ကြစေရန် ဖေါ်ပြအပ်ပါသည်။

(ဓမ္မသဘင်အဖွဲ့)

Related News