University of Wisdom Land

News & Events

ပညာဘူမိတက္ကသိုလ်၊ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟ အသင်း အမည် နှင့် Logo အမှတ်တံဆိပ်များကို စာအုပ်များ၊ စာတမ်းများ၊ကြေညာချက်များအလှူခံ ဖြတ်ပိုင်းများ ပြုလုပ်ရာတွင် သုံးစွဲခြင်းမပြုပါရန်

ပညာဘူမိတက္ကသိုလ်၊ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟ အသင်း အမည် နှင့် Logo အမှတ်တံဆိပ်များကို စာအုပ်များ၊ စာတမ်းများ၊ကြေညာချက်များအလှူခံ ဖြတ်ပိုင်းများ ပြုလုပ်ရာတွင် သုံးစွဲခြင်းမပြုပါရန်၊


၁။ပညာဘူမိတက္ကသိုလ်၊ ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟ အသင်း အမည် နှင့် Logo အမှတ်တံဆိပ် တို့သည် ပညာဘူမိတက္ကသိုလ် ဆိုင်ရာကြေညာချက်များ၊ တက္ကသိုလ်ကိုယ်စားပြု ထုတ်ဝေသည့် ပြဌာန်းစာအုပ်များ၊ ထုတ်ပြန်ကြေညာချက်များ အပါအဝင် အများ သိသင့်သိထိုက်သည်များကို မှန်ကန်ထိရောက်စွာသိရှိနိုင်စေရန် ကိစ္စရပ်အဝဝတို့တွင် သုံးစွဲရန် ဖြစ်ပါသည်။

၂။သို့ဖြစ်ပါ၍ တက္ကသိုလ် အမည်နှင့် အမှတ်တံဆိပ်များကို မိမိတို့ တသီးပုဂ္ဂလ စာရွက်စာတမ်းများ စာအုပ်စာတမ်းများထုတ်ဝေခြင်း၊ ဖြန့်ချီခြင်း၊ ကြေညာချက်များထုတ်ပြန်ခြင်း တို့ တွင် သုံးစွဲခြင်းမပြု ကြပါရန် အသိပေး အပ်ပါသည်။

၃။ပညာဘူမိတက္ကသိုလ်၊ အနုဂ္ဂဟအသင်း အမည်နှင့် အမှတ်တံဆိပ်များကို သုံးစွဲလိုပါ က အသင်းရုံးခန်းသို့ ဆက်သွယ် ၍ ခွင့်ပြုချက်တောင်းခံ ပေးပါရန် အသိပေးအပ်ပါသည်။
(တက္ကသိုလ် စီမံအုပ်ချုပ်ရေး အဖွဲ့)

Related News