University of Wisdom Land

News & Events

၂၄/၀၃/၂၀၂၄ တပေါင်းလပြည့်နေ့ အချိန်အခါတွင် ကျင်းပပြုလုပ်သည့်ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်

၂၄/၀၃/၂၀၂၄ တပေါင်းလပြည့်နေ့ အချိန်အခါတွင် ကျင်းပပြုလုပ်သည့်ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ် အဖြစ် ဆရာတော်ဘုရား ကြီးကိုယ်တိုင်ပြုလုပ်သည့်လှူဒါန်းမှုအစုစုတို့မှာ

၁။မထေရ်ကြီး (၉) ပါးအတွက် နဝကမ္မများ လှူဖွယ်ဝတ္ထူအစုစု တို့ကိုလှူဒါန်းခြင်း၊

၂။ပညာဘူမိတက္ကသိုလ် အတွက် မတည် အလှူငွေလှူဒါန်းခြင်း၊

၃။အနုဂ္ဂဟအသင်း အတွက် computer များလှူဒါန်းခြင်း၊

၄။သံဃာတော်များ ပရိယတ် ပရိပတ် သာသနာပြုအလုပ်များပြုလုပ်နိုင်ရန် မဟာသုဗောဓာရုံ ကျောင်းတိုက်အတွင်း သုံးထပ်ကျောင်းဆောင် လှူဒါနိးခြင်း၊

၅။အထူးပင့်သံဃာတော်ဆရာတော်ကြီး (၁၄၅)ပါးအတွက်နဝကမ္မများလှူဒါန်းခြင်း၊

၆။သံဃာတော်၊ ကိုရင် အပါး (၅၀၀) အတွက်နဝကမ္မများ၊ သက္ကန်း အစုံ (၅၀၀)၊ ရဟန်းစီးဖိနပ် (၅၀၀)၊ ထီး အလက် (၅၀၀) လှူဒါန်းခြင်း၊

၇။သီလရှင် အပါး (၅၀၀) တို့ အတွက် နဝကမ္မ များလှူဒါန်းခြင်း၊ အစရှိသည့်လှူဖွယ် ဝတ္ထူအစုစုတို့ကို လှူဒါန်းမှုပြုလုပ်သည်။


ဆရာတော်ဘုရားကြီး ဟောကြားသည့် အနုမောဓနာ အနှစ်ချုပ်မှာ
ယနေ့ မွေးနေ့ ဝိဇာတအခမ်းအနားကို အကြောင်းပြု၍ ဘဝမှာ မှာသက်သာရုံမျှ မဟုတ်ပဲနဲ့ ဒုက္ခအားလုံး အဆုံးသတ် ဖို့ အထိ ဦးတည်ကြရမှာဖြစ်တယ်…ဒုက္ခကို သုခလို့ပြောင်းလို့မရဘူး….ရထားတဲ့ သင်္ခါရဒုက္ခ ခန္ဓာကိုယ်ကြီးကို အဆုံးသတ်ရမှာဖြစ်တယ် မြဲတာ တစ်ခုမရှိတာမို့ တရားကျင့်ဖို့လိုအပ်တယ် လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ် တရားကျင့်တာက မမြဲတာကို မြဲအောင်လုပ်တာမဟုတ်ဘူး မမြဲတာတွေ အဆုံးသတ်ဖို့လုပ်ရတာဖြစ်တယ် အဲဒီရထားတဲ့ ခန္ဓာကိုယ်ဒုက္ခကို သုခအဖြစ်ပြောင်းလို့မရသည့်အတွက်ကြောင့် ဒီဒုက္ခမျိုးနောက်ထပ်မရဖို့ အတွက် ကိုယ်လုပ်တဲ့ကုသိုလ်က စွမ်းဆောင်ပေးသွားမယ် အဲဒီရည်ရွယ်ချက်နဲ့ မွေးနေ့လုပ်ကြတယ် ကျောင်းတွေဆောက်ပြီးလှူကြတယ် ဘဝခရီး ရရှိနေခိုက်မှာ ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်လို့ ပဲ အနှစ်ချုပ်အနေနဲ့မှတ်သားသင့်ပါတယ် တရားချစ်ခင်သူတော်စင်အပေါင်းတို့ မွေးနေ့ပွဲလုပ်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့ဖို့အတွက်မဟုတ်ပဲနဲ့ ပျော်ရွှင်စရာကို တကယ်ဖြစ်ပေါ်စေတတ်တဲ့ ကုသိုလ်ကောင်းမှုကိုရဖို့ ပြုလုပ်ကြတာသာဖြစ်တယ် လို့ အမှန်တရားကိုသိရှိပြီးတော့ နေ့စဉ်နဲ့အမျှ ဘဝခရီးမှာ ကုသိုလ်တရားဖြစ်ပွါးအောင်ကြိုးစားအားထုတ်နိုင်ကြပါစေ ဟု မွေးနေ့ အမှတ်တရ အနုမောဓနာတရားဟောကြားသည်။


(ဓမ္မသဘင်အဖွဲ့ )

Related News