ပညာဘူမိတက္ကသိုလ် BA Part 1 အဖြစ် ပြဌာန်း ထားရှိသည့် “မိလိန္ဒပဉှာ” မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း (၂၇) ပိုင်း စာမျက်နှာ (၅၀၃) မျက်နှာပါဝင်သည့် ပညာဘူမိတက္ကသိုလ် Press စာအုပ် အဖြစ်ထွက်ရှိသည်။
🌟
ပညာဘူမိတက္ကသိုလ် BA Part 1 မှ 3 အထိ ပြဌာန်း ထားရှိသည့် ပြဌာန်း ကျမ်းစာများ၏ အရေးကြီးပုံ ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လေ့လာသင်ယူစရာကောင်းသည့် ကျမ်းစာများ ဖြစ်သည့်အားလျော်စွာ တက္ကသိုလ်သဘာပတိဆရာတော်ကြီး ကိုယ်တော်တိုင် တရားတော်များကို အပိုင်းများ အချိန်တစ်ခုအထိ အသုံးပြု ခွဲခြား၍ လူအများ အလွယ်တကူနားလည်နိုင်သည့် အထိ အရှင်းလင်းဆုံး ဟောကြားထားရှိသည့်ကျမ်းစာများဖြစ်သည်။
Part (1) “မိလိန္ဒပဉှာ”
🌟မိလိန္ဒပဥှာကျမ်းဟာ မှတ်သားဖွယ်ရာ အချက်အလက်တွေနဲ့ ပြည့်နှက်ပြီး မေးခွန်းနဲ့ အဖြေတွေကို ဖော်ပြတာဖြစ်သောကြောင့် ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီကနေ့ခေတ် debate လုပ်တယ်ဆိုတဲ့ စကားရည်လုပွဲမျိုး မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ ပြုလုပ်ခဲ့ကြသည့် Part (1) “မိလိန္ဒပဉှာ”
Part (1) “မိလိန္ဒပဉှာ” မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ
🌿🌿🌿
ပါမောက္ခချုပ်ဆရာတော် ဘုရား ဟောကြားထားရှိသည့် “မိလိန္ဒပဉှာ” မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း (၂၇) ပိုင်း စာမျက်နှာ (၅၀၃) မျက်နှာပါဝင်သည့် အမှတ်စဉ် (၁၈၄) ပါရှိသည့်ကျမ်းစာဖြစ်သည်။
မိလိန္ဒပဥှာကျမ်းဟာ မှတ်သားဖွယ်ရာ အချက်အလက်တွေနဲ့ ပြည့်နှက်ပြီး မေးခွန်းနဲ့ အဖြေတွေကို ဖော်ပြတာဖြစ်သောကြောင့် ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီကနေ့ခေတ် debate လုပ်တယ်ဆိုတဲ့ စကားရည်လုပွဲမျိုး မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ ပြုလုပ်ခဲ့ကြတယ်။
“အချေအတင်”ဆိုသည်မှာ တစ်ဖက်က အပြစ်တင်လိုက် တာကို တစ်ဖက်က ချေပပြောဆိုခြင်း ဖြစ်တယ်။ တစ်ဖက်က အပြစ်တင်တယ်၊ ထောက်ပြတယ်။ ဒီလို မဖြစ်သင့်ဘူးလား၊ ဘာကြောင့် ဒီလိုဆိုရတာလဲ ဆိုတဲ့ စောဒကတက်တာကို “အတင်”လို့ ခေါ်တယ်။ အဲဒီ ပြစ်တင်ပြောဆိုတဲ့ အချက်တွေကို တစ်ဖက်က အကြောင်းအကျိုးပြပြီး ပြန်လည်ချေပတာ၊ ဒီ “အတင်” ဆိုတဲ့စကားနဲ့ “ချေပတယ်” ဆိုတဲ့ စကားနှစ်ရပ်ကို ပေါင်းစပ်ပြီး အချေအတင်လို့ သုံးတာ။
မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ရဲ့ ခေတ် ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၅၀၀) အလွန်မှာ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။ ဒီကနေ့ သာသနာတော်နှစ်ဟာ (၂၅၆၀) ပြည့် ဖြစ်သွားပြီ။ သာသနာတော်နှစ် ၅ဝဝ-ကျော်လောက်က ပေါ်ခဲ့တယ် ဆိုရင် ရှင်မဟာဗုဒ္ဓဃောသ ပေါ်လာတာထက် နှစ်(၅၀၀) စောတယ်လို့ ဆိုနိုင်တယ်။ ရှင်မဟာဗုဒ္ဓဃောသက သာသနာနှစ် (၁ဝဝဝ)မှ ပေါ်တာ ဖြစ်တယ်။ မိလိန္ဒမင်းကြီးဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၅၀၀)ကျော်မှာ ယောနကတိုင်း၊ သာဂလမြို့မှာ ထီးနန်းစိုးစံပြီး နေတယ်။ ယောနကမြို့ ဆိုတာ ဒီကနေ့ခေတ် ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းနဲ့ တစ်ခြားကျမ်းတွေမှာ အမျိုးမျိုး ဖော်ပြကြတယ်။ သို့သော် အားလုံးလက်ခံ နိုင်တဲ့ ဖော်ပြချက်ကတော့ ယောနက ဆိုတာ တူရကီနိုင်ငံထဲမှာ ရှိတယ်လို့ ဒီလိုဆိုတယ်။ တူရကီနိုင်ငံ တည်ရှိရာဒေသကို ရှေးတုန်းက ယောနကလို့ ခေါ်တယ်။ မိလိန္ဒမင်းကြီးဟာ ယောနကတိုင်းနဲ့ မိုင်ပေါင်း ၁ဝဝဝ- ကျော်ဝေးတဲ့ ဂရိနိုင်ငံ Alexander ကျွန်းကလသိ ဆိုတဲ့ရွာမှာ မွေးဖွားခဲ့သူ ဖြစ်တယ်လို့ ဒီလိုဆိုတယ် ဟု ဆရာတော်ဘုရား ဟောကြားထားရှိသည်။