ပညာဘူမိဆိုသည်မှာ ပညာရဲ့ ဖြစ်ပေါ်ရာနေရာ ပညာရဲ့ဖြစ်ပေါ်ရာဌာန ကို ပညာဘူမိ ဟုခေါ်တွင်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အသိပညာများ ဖြစ်ပေါ်ခဲ့သော နေရာသည် ဗောဓိပင် ညောင်ပင်အောက်တွင် တရား ဓမ္မ ကျင့်ကြံပြီး ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်း ဖြစ်သည်။
Learn More
ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရား ၁၉၉၆ ခုနှစ် ဇူလိုင် လ ကတည်းကအင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထားရှိသည့် ပရမတ္ထဒီပနီ (PARAMATTHADIPANI) An Exposition Of The True Meaning) ကျမ်းစာ လက်ရေးမူကို စာအုပ်အဖြစ် ပညာဘူမိတက္ကသိုလ်မှ ထွက်ရှိသည်။ ဤကျမ်းစာတွင် စာမျက်နှာ ၂၅၈ မျက်နှာပါဝင်ပြီး အခန်း ၄ ခန်းပါရှိသည်။ နောက်ထပ် အခန်း ၃ ခန်း ပါ ကျမ်းစာကို ဆက်လက်ထွက်ရှိမည်။
ဤကျမ်းစာသည် ၁၈၉၇ ခုနှစ်ခန့်က လယ်တီဆရာတော်ဘုရား ရေးသားတော်မူခဲ့သည့် ပရမတ္ထဒီပနီကျမ်းစာကို အင်္ဂလိပ် ဘာသာသို့ တိုက်ရိုက် ပြန်ဆိုရေးသားပြုစုထားခြင်းဖြစ်သည်။
၁၉၂၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါဠိပါရဂူဘွဲ့က်ု (D.Litt) ကိုလယ်တီဆရာတော်ဘုရားကြီးထံသို့ဆပ်ကပ်ခြင်းပြုခဲ့သည်။
အနုဂ္ဂဟအဖွဲ့
ပညာဘူမိတက္ကသုလ်စာကြည့်တိုက် အတွင်း ထားရှိသည့် ရှေးဟောင်းစာပေများ၊ပေမူများ၊ သမိုင်းစာအုပ်များ၊ အထွေထွေမှီငြမ်းစာအုပ်စာပေများ၊ ကျမ်းစာများ၊ပိဋကတ်စာပေများကို ပြည့်စုံစွာထားရှိသည်။
Learn Moreဗုဒ္ဓတရားတော်ကို အဓိက အခြေပြု၍ အကျိုးအကြောင်း ဆက်နွယ်မှု ရှိသည့် ပြည်တွင်းပြည်ပ မှ သုတေသန (Research) ပြုလုပ်လိုသူများ အတွက် research project များပူးပေါင်း ဆောင်ရွက်နိုင်သည်။
Learn More